Saturday, March 23, 2019
Monday, September 26, 2016
ကျုပ် ကဗျာ ဘဝ
တစ်ချိန်ချိန်မှာ ကျုပ်ဘာတွေလုပ်သွားမလဲဆိုရင်
ကဗျာ
တရား
တစ်ခါတစ်လေ ကျုပ်ဘာလုပ်တတ်လဲဆိုရင်
အရက်သောက်ပြီး ကဗျာရေးတယ်
တစ်ရံတစ်ခါမှာတော့
ကဗျာအသစ် အသစ်တွေ မှာ
အတွေးအခေါ်တွေ လိုက်ကြည့်တယ်
တစ်ခါတစ်လေမှာ
ကျုပ်ဘဝကို ကဗျာပေါ်တင်လိုက်တယ်
ကဗျာဆိုတာ
ဘဝ အတွေးအခေါ် အိမ်မက်တွေကို
ကျစ်လစ်စွာ ထုပ်ပိုးထားတာဗျ
ကဗျာ
ဘဝ
ကျုပ်
ကဗျာ
တရား
တစ်ခါတစ်လေ ကျုပ်ဘာလုပ်တတ်လဲဆိုရင်
အရက်သောက်ပြီး ကဗျာရေးတယ်
တစ်ရံတစ်ခါမှာတော့
ကဗျာအသစ် အသစ်တွေ မှာ
အတွေးအခေါ်တွေ လိုက်ကြည့်တယ်
တစ်ခါတစ်လေမှာ
ကျုပ်ဘဝကို ကဗျာပေါ်တင်လိုက်တယ်
ကဗျာဆိုတာ
ဘဝ အတွေးအခေါ် အိမ်မက်တွေကို
ကျစ်လစ်စွာ ထုပ်ပိုးထားတာဗျ
ကဗျာ
ဘဝ
ကျုပ်
Sunday, November 8, 2015
အိမ်မက် ကြမ်းကြမ်း
ထသူငယ်ချင်း ငါ့နောက်လိုက်ခဲ့
မလိုက်ချင်ဘူး ငါမငြင်းဘူး
အိပ်ချင်မူးတူး ရူးကန်းစတိုင်လ်
ယိုင်တိုင်တုံ့နှေး ငေးခြင်းမရှိ
လိုက်ခဲ့မိသည်
မင်းဘယ်သူလဲ မည်းမည်းမြင်မှ
မေးရမိသည် ကြည့်မိသိရန်
ငါဖန်လေတော့ ဘာတွေဘယ်လို
ထိုထိုစဉ်းစား ကြားလိုက်သည်က
ငါသည်တမန် သေရန်ပြင်လော့
ဖျော့ဖျော့ကြားသည်
စဉ်းစားမရှိ ပြေးခဲ့မိသည်
ရှိသမျှသုံး ရုန်းခဲ့မိရာ
ကမ္ဘာမှာငါ ချည့်နဲ့နှေးဆုံး
ဘုန်းဘုန်းလဲရန် မာန်တွေကုန်ဆုံး
လုံးဝအရှုံး ငါသုံးမည်ဟု
ကြ့မိလေခဲ့သည်
ထိုစဉ်ခဏ မြင်ရသည်က
မိဘစထား ဘုရားဦးတည်
ရောင်နီတစ်ချက် လင်းလျက်တည်ရာ
နွယ်မြက်တစ်ပင် ဖြစ်တည်သမို့
ရုန်းဖို့ကြံလျက် ဆွဲခဲ့မိရာ
လွင့်ပါထွက်ခဲ့မိလေသည်
အား
ဘုရား ဘုရား နှုတ်ဖျားတမ်းတ
ငါနိုးထသည် ချွေးကျမောဟိုက်
လှိုက်ဖိုရင်မှ သိရသည်ကား
ကြောက်အားပေးစွမ်း အိပ်မက်ကြမ်းမှ
လွတ်ရသည်မှာ ရတနာအစွမ်း
အံ့မခန်းပင်မြင်မိလေ၏
၈ နိုဝင်ဘာ ၂၀၁၅
မလိုက်ချင်ဘူး ငါမငြင်းဘူး
အိပ်ချင်မူးတူး ရူးကန်းစတိုင်လ်
ယိုင်တိုင်တုံ့နှေး ငေးခြင်းမရှိ
လိုက်ခဲ့မိသည်
မင်းဘယ်သူလဲ မည်းမည်းမြင်မှ
မေးရမိသည် ကြည့်မိသိရန်
ငါဖန်လေတော့ ဘာတွေဘယ်လို
ထိုထိုစဉ်းစား ကြားလိုက်သည်က
ငါသည်တမန် သေရန်ပြင်လော့
ဖျော့ဖျော့ကြားသည်
စဉ်းစားမရှိ ပြေးခဲ့မိသည်
ရှိသမျှသုံး ရုန်းခဲ့မိရာ
ကမ္ဘာမှာငါ ချည့်နဲ့နှေးဆုံး
ဘုန်းဘုန်းလဲရန် မာန်တွေကုန်ဆုံး
လုံးဝအရှုံး ငါသုံးမည်ဟု
ကြ့မိလေခဲ့သည်
ထိုစဉ်ခဏ မြင်ရသည်က
မိဘစထား ဘုရားဦးတည်
ရောင်နီတစ်ချက် လင်းလျက်တည်ရာ
နွယ်မြက်တစ်ပင် ဖြစ်တည်သမို့
ရုန်းဖို့ကြံလျက် ဆွဲခဲ့မိရာ
လွင့်ပါထွက်ခဲ့မိလေသည်
အား
ဘုရား ဘုရား နှုတ်ဖျားတမ်းတ
ငါနိုးထသည် ချွေးကျမောဟိုက်
လှိုက်ဖိုရင်မှ သိရသည်ကား
ကြောက်အားပေးစွမ်း အိပ်မက်ကြမ်းမှ
လွတ်ရသည်မှာ ရတနာအစွမ်း
အံ့မခန်းပင်မြင်မိလေ၏
၈ နိုဝင်ဘာ ၂၀၁၅
Wednesday, September 14, 2011
အသစ်လေး
မိုးပေါ်က ပန်းသီး .........
ပန်းသီးတစ်လုံးကို မိုးပေါ်မြှောက်တင်မိပါတယ်
လက်သီးဆုတ်ထားတဲ့ သူကလက်ဝါးဖြန့်ပြပြီးပြောတယ် ....
ဘာကို ပိုင်ဆိုင်ချင်လဲဆိုတာ ကိုယ်စားဖြေပေးပါတဲ့ ...
ငယ်ငယ်က ပန်းသီးစားချင်လို့ ရူးခဲ့တဲ့အချိန်တွေ တွေးမိတိုင်း
ခံတွင်းချဉ်တဲ့ အခါတိုင်း တော်တော်နောင်တရမိတယ်
သြော် ... ငါ့နှယ် မြစ်တစ်ခုတည်းမှာ ရေနှစ်ခါနစ်တော့မလို့
အစွဲအလမ်းကြီးတယ် ဆိုပေမယ့်
မှတ်သင့်တာတွေ ထပ်မှတ်ဖို့ မေ့သင့်တာတွေ မေ့ရဦးမယ်လေ
ဟုတ်တယ်မို့ လား ....
တစ်ခါတစ်လေ အဓိပ္ပါယ်ရှိရှိ လူပီသချင်လိုက်တာ ...
အတိတ်က အဖြူရောင်လေးက အတ္တကြောင့် ခါးသက်ခဲ့ရတာကိုး ...
အတုလကာရီရဲ့ စလယ်ဝင်အိုးနဲ့
အလာဒင်ရဲ့ ဆီမီးခွက် ....
အင်း ဒီနှစ်မျိုးနဲ့ ဆိုရင်တော့ ဘ၀ကို ရောင့်ရဲတတ်ချင်ပါရဲ့ ...
ရိုးသားတဲ့လူချင်းက ထမင်းဖြစ်ဖို့ဆိုရင်
ဆန်တစ်စေ့ချင်း ပူးပေါင်းရမှာ မဟုတ်လား ...
ခပ်ဝါးဝါးပဲမြင်ရတဲ့ မိုးပေါ်ကပန်းသီး ပြန်ကျချိန်စောင့်ရင်း
သက်ပြင်းတွေ အခါခါ ...
ဒေါသတွေ အကြိမ်ကြိမ် ...
မာနတွေ တထောင်ထောင် နဲ့
လက်ထဲပြန်မရောက်မဲ့အရာကို မျှော်နေမိတယ် ....
တကယ်တော့ ...
အမှန်တရားဟာ ဒင်္ဂါး မိုး ရွာမှ ဖြစ်ပေါ်တတ်တာလေ
အရာရာမှာ ....
အကြောင်း နဲ့ အကျိုး တဲ့
ယုံချင်ယုံ မယုံချင်နေ
ဘာတွေဖြစ်ဖြစ် ချစ်မှာပဲ ...................
တော်သေးပီ ။
ပန်းသီးတစ်လုံးကို မိုးပေါ်မြှောက်တင်မိပါတယ်
လက်သီးဆုတ်ထားတဲ့ သူကလက်ဝါးဖြန့်ပြပြီးပြောတယ် ....
ဘာကို ပိုင်ဆိုင်ချင်လဲဆိုတာ ကိုယ်စားဖြေပေးပါတဲ့ ...
ငယ်ငယ်က ပန်းသီးစားချင်လို့ ရူးခဲ့တဲ့အချိန်တွေ တွေးမိတိုင်း
ခံတွင်းချဉ်တဲ့ အခါတိုင်း တော်တော်နောင်တရမိတယ်
သြော် ... ငါ့နှယ် မြစ်တစ်ခုတည်းမှာ ရေနှစ်ခါနစ်တော့မလို့
အစွဲအလမ်းကြီးတယ် ဆိုပေမယ့်
မှတ်သင့်တာတွေ ထပ်မှတ်ဖို့ မေ့သင့်တာတွေ မေ့ရဦးမယ်လေ
ဟုတ်တယ်မို့ လား ....
တစ်ခါတစ်လေ အဓိပ္ပါယ်ရှိရှိ လူပီသချင်လိုက်တာ ...
အတိတ်က အဖြူရောင်လေးက အတ္တကြောင့် ခါးသက်ခဲ့ရတာကိုး ...
အတုလကာရီရဲ့ စလယ်ဝင်အိုးနဲ့
အလာဒင်ရဲ့ ဆီမီးခွက် ....
အင်း ဒီနှစ်မျိုးနဲ့ ဆိုရင်တော့ ဘ၀ကို ရောင့်ရဲတတ်ချင်ပါရဲ့ ...
ရိုးသားတဲ့လူချင်းက ထမင်းဖြစ်ဖို့ဆိုရင်
ဆန်တစ်စေ့ချင်း ပူးပေါင်းရမှာ မဟုတ်လား ...
ခပ်ဝါးဝါးပဲမြင်ရတဲ့ မိုးပေါ်ကပန်းသီး ပြန်ကျချိန်စောင့်ရင်း
သက်ပြင်းတွေ အခါခါ ...
ဒေါသတွေ အကြိမ်ကြိမ် ...
မာနတွေ တထောင်ထောင် နဲ့
လက်ထဲပြန်မရောက်မဲ့အရာကို မျှော်နေမိတယ် ....
တကယ်တော့ ...
အမှန်တရားဟာ ဒင်္ဂါး မိုး ရွာမှ ဖြစ်ပေါ်တတ်တာလေ
အရာရာမှာ ....
အကြောင်း နဲ့ အကျိုး တဲ့
ယုံချင်ယုံ မယုံချင်နေ
ဘာတွေဖြစ်ဖြစ် ချစ်မှာပဲ ...................
တော်သေးပီ ။
Friday, June 20, 2008
အမှားကျူးသူ
ငါ့ရင်ကို ဇရပ်ပျက်လိုသဘောထားပြီး
ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ရအောင်
မင်းကိုယ်မင်း ဘာထင်နေလဲ
ခြေရာဖျောက်တိုင်း လိုက်ရှာမိတက်တာ
ငါ့အမှားပဲ ...
တစ်ခုခုချွတ်ချော်တိုင်း ပြန်ချော့မိတာ
ငါ့အမှားပဲ ...
လေဟာနယ်တိုင်း အဖြေရှာနေမိတာ
ငါ့အမှားပဲ ...
ကောင်းမှုနဲ့တောင်းဆုပြုခဲ့မိတာလဲ
ငါ့အမှားပဲ ...
မင်းထင်သလို မရှုပ်ပါဘူး မယုတ်မာဘူး ဆိုပြီး
တဖွဖွ ကတိပေးခဲ့မိတာလည်း
ငါ့အမှားပဲ ...
နောက်ဆုံး !
အချစ်မှာ မှားခဲ့တဲ့ငါ
လောကကို ဟစ်ကြွေးမိချင်တာက
မိန်းကလေးတွေ ဒီလိုပဲလား ?
ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ရအောင်
မင်းကိုယ်မင်း ဘာထင်နေလဲ
ခြေရာဖျောက်တိုင်း လိုက်ရှာမိတက်တာ
ငါ့အမှားပဲ ...
တစ်ခုခုချွတ်ချော်တိုင်း ပြန်ချော့မိတာ
ငါ့အမှားပဲ ...
လေဟာနယ်တိုင်း အဖြေရှာနေမိတာ
ငါ့အမှားပဲ ...
ကောင်းမှုနဲ့တောင်းဆုပြုခဲ့မိတာလဲ
ငါ့အမှားပဲ ...
မင်းထင်သလို မရှုပ်ပါဘူး မယုတ်မာဘူး ဆိုပြီး
တဖွဖွ ကတိပေးခဲ့မိတာလည်း
ငါ့အမှားပဲ ...
နောက်ဆုံး !
အချစ်မှာ မှားခဲ့တဲ့ငါ
လောကကို ဟစ်ကြွေးမိချင်တာက
မိန်းကလေးတွေ ဒီလိုပဲလား ?
လေရူးထန်တဲ့ နွေဦးဟန်
ယိမ်းချင်ရာယိမ်း တိမ်းချင်ရာတိမ်းပြီး
တိုက်ချင်တိုင်း တိုက်နေမှတော့
ရော်ရွက်တွေလည်း ကြွေချင်တိုင်းကြွေပြီပေါ့ !
သဘောမကျတာက သောကရှိတာပဲ
လောက က ရောချလို့မရလို့
ဒေါသလေးတွေ ထုတ်ထုတ်ပြခဲ့တာ
ငါမှတ်မိနေသေးတယ် !
မင်းနဲ့ငါ့ကြားက ချစ်ခွင့်မရတဲ့နေ့ရက်တွေ
ငါပြန်တွေးပြီး လွမ်းမိတယ် ဆွေးမိတယ် ...
ခါးသက်တဲ့ဘ၀ထဲကို ပျားရည်တစ်စက်လောက်ချခဲ့တာ
ငါပျော်ခဲ့မိတာပေါ့ !
အခုတော့
Data ရှားတဲ့ ခြေရာပါးပါးလေးတွေနဲ့
ငါ့ရင်မှာ ...
နွေဦးဟန်လိုက် လေရူးထန်နေပြီ
ချစ်သူရယ် ....
တိုက်ချင်တိုင်း တိုက်နေမှတော့
ရော်ရွက်တွေလည်း ကြွေချင်တိုင်းကြွေပြီပေါ့ !
သဘောမကျတာက သောကရှိတာပဲ
လောက က ရောချလို့မရလို့
ဒေါသလေးတွေ ထုတ်ထုတ်ပြခဲ့တာ
ငါမှတ်မိနေသေးတယ် !
မင်းနဲ့ငါ့ကြားက ချစ်ခွင့်မရတဲ့နေ့ရက်တွေ
ငါပြန်တွေးပြီး လွမ်းမိတယ် ဆွေးမိတယ် ...
ခါးသက်တဲ့ဘ၀ထဲကို ပျားရည်တစ်စက်လောက်ချခဲ့တာ
ငါပျော်ခဲ့မိတာပေါ့ !
အခုတော့
Data ရှားတဲ့ ခြေရာပါးပါးလေးတွေနဲ့
ငါ့ရင်မှာ ...
နွေဦးဟန်လိုက် လေရူးထန်နေပြီ
ချစ်သူရယ် ....
ဇာတ်လမ်းတစ်ခုကို လွမ်းချင်သူ
Britany ရဲ့ရင်ခုန်သံ
ငါတိုးတိုးလေးကြားတယ်
နာရီတောင် သံစဉ်တွေမြည်နေပါလား !
လေပြေဆော့တော့
လှိုင်းတွေတောင် ကြက်ခွပ်ထ
မြစ်ပြင်လည်း လှနေတယ် !
တစ်ခါတစ်လေ
ငါ့ရဲ့တမ်းချင်း
အလွမ်းသီချင်းလေးတွေလဲ ပါလာတယ် !
ဒိုင်ယာရီမှတ်တမ်းထဲက
ဒီဇင်ဘာဇာတ်လမ်း
အခုတော့ ...
ဝေဒနာတစ်ဖက်ကမ်းရဲ့
ရင်နာစရာဇာတ်လမ်းဖြစ်ပြီပေါ့ !
မင်း ...
နောက်ဆုံးတော့ ...
ပန်းမခင်းတဲ့ ကြမ်းခင်းမှာ
ငါတစ်ယောက်တည်း လွမ်းနေမယ် !
ငါတိုးတိုးလေးကြားတယ်
နာရီတောင် သံစဉ်တွေမြည်နေပါလား !
လေပြေဆော့တော့
လှိုင်းတွေတောင် ကြက်ခွပ်ထ
မြစ်ပြင်လည်း လှနေတယ် !
တစ်ခါတစ်လေ
ငါ့ရဲ့တမ်းချင်း
အလွမ်းသီချင်းလေးတွေလဲ ပါလာတယ် !
ဒိုင်ယာရီမှတ်တမ်းထဲက
ဒီဇင်ဘာဇာတ်လမ်း
အခုတော့ ...
ဝေဒနာတစ်ဖက်ကမ်းရဲ့
ရင်နာစရာဇာတ်လမ်းဖြစ်ပြီပေါ့ !
မင်း ...
နောက်ဆုံးတော့ ...
ပန်းမခင်းတဲ့ ကြမ်းခင်းမှာ
ငါတစ်ယောက်တည်း လွမ်းနေမယ် !
ဒီနေ့ ..
ဒီနေ့ ..
လေညှင်းလေး သေးသေးလေးနဲ့
တဖြည်းဖြည်း ငါ့ဆီရွေ့လာတယ်
နည်းနည်းလေးတော့ ငါ့ရင်အေးတယ်
ပြီးတော့ ..
တရွေ့ရွေ့နဲ့ ဝေး ... ဝေး ... သွားတယ်
ဒီနေ့
ကဗျာတစ်ပုဒ် တိတ်တိတ်ဆိတ်ဆိတ်နဲ့
နှလုံးသားထဲက ထုတ်လာတယ်
နည်းနည်းလေးတော့ ငါ့ရင်ခုန်လာတယ်
ပြီးတော့ ..
တရွေ့ရွေ့နဲ့ ဝေး ... ဝေး ... သွားတယ်
ဒီနေ့
သံစဉ်တစ်ပုဒ် နှလုံးသားတစ်ခြမ်းနဲ့
အေးအေးလေး လိုက်ငြီးမိတယ်
နည်းနည်းတော့ မာယာတွေပါလာတယ်
ပြီးတော့ ..
တရွေ့ရွေ့နဲ့ ဝေး ... ဝေး ... သွားတယ်
ဒီနေ့
.................
.................
ဒီနေ့
.............
ဒီနေ့
ပြီးတော့ ..
တရွေ့ရွေ့နဲ့ ဝေး ... ဝေး ... သွားတယ်
လေညှင်းလေး သေးသေးလေးနဲ့
တဖြည်းဖြည်း ငါ့ဆီရွေ့လာတယ်
နည်းနည်းလေးတော့ ငါ့ရင်အေးတယ်
ပြီးတော့ ..
တရွေ့ရွေ့နဲ့ ဝေး ... ဝေး ... သွားတယ်
ဒီနေ့
ကဗျာတစ်ပုဒ် တိတ်တိတ်ဆိတ်ဆိတ်နဲ့
နှလုံးသားထဲက ထုတ်လာတယ်
နည်းနည်းလေးတော့ ငါ့ရင်ခုန်လာတယ်
ပြီးတော့ ..
တရွေ့ရွေ့နဲ့ ဝေး ... ဝေး ... သွားတယ်
ဒီနေ့
သံစဉ်တစ်ပုဒ် နှလုံးသားတစ်ခြမ်းနဲ့
အေးအေးလေး လိုက်ငြီးမိတယ်
နည်းနည်းတော့ မာယာတွေပါလာတယ်
ပြီးတော့ ..
တရွေ့ရွေ့နဲ့ ဝေး ... ဝေး ... သွားတယ်
ဒီနေ့
.................
.................
ဒီနေ့
.............
ဒီနေ့
ပြီးတော့ ..
တရွေ့ရွေ့နဲ့ ဝေး ... ဝေး ... သွားတယ်
အမောဆို့တဲ့ညများ
ညဆို ခေါက်တုတ်ခေါက်ပြန် လမ်းလျှောက်
နှလုံးသားကို တံခါးခေါက်ပြီး ..
အမှောင်ထဲမှာ ပြန်ပျောက်သွားတဲ့မင်း ...
အလင်းတွေ့တိုင်းကြောက်
အမှောင်ရောက်မှ တွေ့ရသူကို
ငါ့မှာတော့ တောက် ! တခေါက်ခေါက်နဲ့
ကြာတောလဲ ..
ရှန်ပိတ်တစ်ခွက်ပြီးတစ်ခွက်သောက်
မှောက်သွားတဲ့ညတွေ များပြီပေါ့ ...
ပေါင်မုန့်ကို ဒီအတိုင်းစား ..
ရေကို မကျိုဘဲဘောက် ..
အရိုးမနင်မှ သိလိုက်ရတယ် ..
ငါတောင် အစိမ်းတွေ စားတတ်နေပြီလား?
နှလုံးသားကို တံခါးခေါက်ပြီး ..
အမှောင်ထဲမှာ ပြန်ပျောက်သွားတဲ့မင်း ...
အလင်းတွေ့တိုင်းကြောက်
အမှောင်ရောက်မှ တွေ့ရသူကို
ငါ့မှာတော့ တောက် ! တခေါက်ခေါက်နဲ့
ကြာတောလဲ ..
ရှန်ပိတ်တစ်ခွက်ပြီးတစ်ခွက်သောက်
မှောက်သွားတဲ့ညတွေ များပြီပေါ့ ...
ပေါင်မုန့်ကို ဒီအတိုင်းစား ..
ရေကို မကျိုဘဲဘောက် ..
အရိုးမနင်မှ သိလိုက်ရတယ် ..
ငါတောင် အစိမ်းတွေ စားတတ်နေပြီလား?
Saturday, April 19, 2008
ဆက်လျက်ရှိ..
ကျွန်တော် ဘလော့ update မလုပ်ဖြစ်တာကြာသွားပြီ... ဘာကြောင့်လဲတော့ မပြောချင်ပါဘူး ..
အဓိက ကတော့ အချိန်ပါပဲ.. ဘလော့ဂ်အတွက် အချိန် မပေးနိုင်ခဲ့လို့ပါ .... ဒါပေမယ့် တက်နိုင်တဲ့ အချိန် တက်နိုင်သလောက်တော့ လုပ်ဖြစ်သွားမယ် ထင်ပါတယ်လေ... လူငယ်တွေကြားမှာ သိစေချင်တာ တစ်ခုရှိ တယ်.. အဲဒါကတော့ အချိန်ပါပဲ.. လူတိုင်းဟာ အချိန်ကို အကျိုးရှိစွာ သုံးတတ်သင့်တယ် .. ဘာဖြစ်လို့လဲ ဆိုတော့ လုပ်ချင်တဲ့အရာတွေရှိပေမယ့် အချိန်မရှိလို့ မလုပ်လိုက်ရတာတွေ ကြုံဖူးကြမှာပါ ... မကြုံဖူးသေးရင် လဲ နောက်တော့ကြုံရမှာပါ.. ဒါဟာ လူတိုင်းနီးပါးတွေ့ကြုံရမယ့် ပြသနာပါ... အဖြေရှာစရာမလိုပါဘူး... ဒါကြောင့် ပြောချင်တာက အချိန်ရှိတဲ့အခိုက် အချိန်ပိုတဲ့အချိန်တွေမှာ ကို့ဘ၀အတွက် ဘာတွေကျန်ရစ်အောင် လုပ်မလဲ... ဘာကောင်းကျိုးတွေကို စဉ်းစားလုပ်ဆောင်မလဲ ... အခုအချိန်ထိ ဘာတွေလုပ်ပြီးပြီလဲ ... ရထားမမီလို့ ဘယ်နှခါခရီးဖင့် ငွေကုန်ပြီးပြီလဲ ... ကျန်တာတွေလုပ်ရမှာ အချိန်မမီတာတွေ ဖြစ်ခဲ့တာ ဘာကြောင့်လဲ ... အချိန်ရှိတုန်း ဘာတွေလုပ်မလဲလို့ စဉ်းစားကြရင်ကောင်းမယ်လို့ အကြံပြုပါရစေ ...
ကျွန်တော်ကိုယ်တိုင်အချိန်မရတဲ့အတွက် ... ဒီလောက်ပဲရေးလိုက်ရတာပါ ...
အဓိကပြောချင်တာက လူတစ်ယောက်မှာ အလုပ်လုပ်ချိန်၊ မိသားစုအတွက်အချိန်၊ အပေါင်းအသင်းအတွက် အချိန်၊ ထမင်းစားချိန်၊ အိပ်ချိန်၊ နားချိန်တွေကို သီးသီးသန့်သန့် သတ်မှတ်ထားချင်တယ် ...
ပိုသင့်တာကိုပိုပြီး လျှော့သင့်တာကိုလျှော့ပေါ့ .... ဒါပေမယ့် အချိုးညီဖို့လိုမယ်လို့ ထင်တယ် ...
Sunday, January 27, 2008
Saturday, December 22, 2007
ကျွန်တော့်ချစ်သူနဲ့ ကျွန်တော် ပထမဆုံးအကြိမ်တွေ့ပြီး နှုတ်ဆက်လမ်းခွဲချိန်မှာ ဖြစ်တည်ခဲ့ကြတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ တကယ့်အဖြစ်အပျက်လေး ကို သီချင်းရေးထားတာပါ ...
ဖတ်ကြည့်ရင်း ဝေဖန်ပေးကြပါ ......
ဖတ်ကြည့်ရင်း ဝေဖန်ပေးကြပါ ......
ချစ်စိတ်
ရေး/ဆို - ဖောကြီး
Key; G ( D A G )
D A G
P1; အရှေ့ဆီ လေပြေလေးတိုက်ခတ်ချိန်မှာ ….
D A G
အကြည့်တွေ sunset လည်း မလှပနိုင်တာ …..
D A G
P2; ရင်ခုန်နှုန်းတွေ စည်းချက်မဲ့ လှုပ်ခတ်ချိန်မှာ ..…
D A G
ကိုယ်စီနှုတ်ခမ်းတွေ အတားအဆီးမဲ့ နှုတ်ဆိတ်နေတာ….
D A
Cho; ခဏတာခွဲရမယ့် နှုတ်ဆက်ချိန် သူရယ်ကို
G A
ကတိတွေတောင်းရင်းနဲ့ ခွဲရမှာနာကျင်နေ
D A
အချစ်ရယ်လွမ်းချင်းအတွက် အနမ်းပွင့်တွေရင်မှာဖို
G A
ကို ရယ်နီးရဖို့ ကြိုးစားပါသူရယ်ဆို
D A D A
ရင်မှာနီးဖို့အတွက် ကံကြမ္မာပြောင်းဖို့အတွက်
G D A G
အချစ်စိတ်မြှင့်ထား …..
D A G
P3; အဆွေးတွေ တဖြည်ဖြည်းလေးတိုးပွာနေတာ ….
D A G
ရေး/ဆို - ဖောကြီး
Key; G ( D A G )
D A G
P1; အရှေ့ဆီ လေပြေလေးတိုက်ခတ်ချိန်မှာ ….
D A G
အကြည့်တွေ sunset လည်း မလှပနိုင်တာ …..
D A G
P2; ရင်ခုန်နှုန်းတွေ စည်းချက်မဲ့ လှုပ်ခတ်ချိန်မှာ ..…
D A G
ကိုယ်စီနှုတ်ခမ်းတွေ အတားအဆီးမဲ့ နှုတ်ဆိတ်နေတာ….
D A
Cho; ခဏတာခွဲရမယ့် နှုတ်ဆက်ချိန် သူရယ်ကို
G A
ကတိတွေတောင်းရင်းနဲ့ ခွဲရမှာနာကျင်နေ
D A
အချစ်ရယ်လွမ်းချင်းအတွက် အနမ်းပွင့်တွေရင်မှာဖို
G A
ကို ရယ်နီးရဖို့ ကြိုးစားပါသူရယ်ဆို
D A D A
ရင်မှာနီးဖို့အတွက် ကံကြမ္မာပြောင်းဖို့အတွက်
G D A G
အချစ်စိတ်မြှင့်ထား …..
D A G
P3; အဆွေးတွေ တဖြည်ဖြည်းလေးတိုးပွာနေတာ ….
D A G
အလွမ်းသာ ကြီးစိုးခဲ့ တို့ရဲ့ကမ္ဘာမှာ ….
D A G
P4; တစ်နေ့မကျန် တို့အဖြစ်အပျက်သတိရနေတာ …..
D A G
D A G
P4; တစ်နေ့မကျန် တို့အဖြစ်အပျက်သတိရနေတာ …..
D A G
ယုံကြည်ထားပါ တစ်နေ့ဖြင့်နီးလို့လာမှာ …..
(cho;)
(cho;)
ကဗျာ
မရေရာတဲ့အရာအားလုံးကို အသေအချာတွေးထားသူတွေအားလုံး ဒီကဗျာလေးကို ခံစားရင်း စွန့်ပစ်သွားတဲ့ချစ်သူတွေအပေါ် အငြိုးတွေပြေပျောက်နိုင်ကြပါစေ ....
မီးခိုးရောင်အိပ်မက်များ
ငါယုံကြည်တယ် မင်းလေးကအခမ်းအနားဆုံးပဲ..
ငါထင်ပါတယ် မင်းတစ်ယောက်ပဲငါ့အနားရှိမယ်လို့..
ငါမျှော်လင့်တယ် မင်းသာငါ့ဘ၀ဖြစ်မယ်လို့…
ငါပျော်ခဲ့တယ် မင်းရဲ့အပြုံးတစ်ချက်ကြောင့်…
ငါရင်ဖိုခဲ့တယ် မင်းရဲ့နုညံ့မှုတွေကြောင့်ပေါ့..
ငါအံ့သြခဲ့ရတယ် မင်းရဲ့မျက်ဝန်းတစ်စုံကြောင့်..
ငါသိခဲ့ရတယ် …
ငါ့အနားက မင်းဟန်ဆောင်မှုတွေကိုလေ …
ငါဆောက်တည်ခဲ့တဲ့ ကမ္ဘာက မီးခိုတွေလိုပဲပေါ့ …
အိပ်မက်တစ်ခုလို့ ကမ္ဗည်းထိုးရင်တောင်
မီးခိုးရောင် အိပ်မက်တစ်ခုပေါ့ ….
ဒါပေမယ့် ..
ငါ့ကို ဆက်မက်ခွင့်ပေးပါ မင်းဝှေ့တဲ့မာယာလေတွေအောက်မှာ …
ချစ်သူရယ် …
ငါ့ရဲ့မီးခိုးရောင်အိပ်မက်တစ်ခုကို မင်းကလေနီကြမ်းတွေနဲ့ တိုက်လွှတ်ရက်တယ် …
အခုတော့ …
ငါ့မျက်ဝန်းထဲမှာ မိုးစက်တွေပေါ့
မင်းရဲ့လေကြမ်းတွေကြောင့် ရေငွေ့အဖြစ်ပြောင်းလဲခဲ့ရတာပါ…
ငါ့ရဲ့မိုးစက်တွေအောက်မှာ မင်းပျော်နေတယ်ပေါ့ …
မင်းပျော်တဲ့အတွက် ငါ့အိပ်မက်တွေ မီးခိုးဖြစ်ရတာ ကျေနပ်ပါတယ် …
ပျော်ပါစေချစ်ရသူရယ် …
မီးခိုးရောင်အိပ်မက်တွေထဲက ငါဘယ်တော့မှ ရုန်းမထွက်ချင်တော့ပါဘူး …
မီးခိုးရောင်အိပ်မက်များ
ငါယုံကြည်တယ် မင်းလေးကအခမ်းအနားဆုံးပဲ..
ငါထင်ပါတယ် မင်းတစ်ယောက်ပဲငါ့အနားရှိမယ်လို့..
ငါမျှော်လင့်တယ် မင်းသာငါ့ဘ၀ဖြစ်မယ်လို့…
ငါပျော်ခဲ့တယ် မင်းရဲ့အပြုံးတစ်ချက်ကြောင့်…
ငါရင်ဖိုခဲ့တယ် မင်းရဲ့နုညံ့မှုတွေကြောင့်ပေါ့..
ငါအံ့သြခဲ့ရတယ် မင်းရဲ့မျက်ဝန်းတစ်စုံကြောင့်..
ငါသိခဲ့ရတယ် …
ငါ့အနားက မင်းဟန်ဆောင်မှုတွေကိုလေ …
ငါဆောက်တည်ခဲ့တဲ့ ကမ္ဘာက မီးခိုတွေလိုပဲပေါ့ …
အိပ်မက်တစ်ခုလို့ ကမ္ဗည်းထိုးရင်တောင်
မီးခိုးရောင် အိပ်မက်တစ်ခုပေါ့ ….
ဒါပေမယ့် ..
ငါ့ကို ဆက်မက်ခွင့်ပေးပါ မင်းဝှေ့တဲ့မာယာလေတွေအောက်မှာ …
ချစ်သူရယ် …
ငါ့ရဲ့မီးခိုးရောင်အိပ်မက်တစ်ခုကို မင်းကလေနီကြမ်းတွေနဲ့ တိုက်လွှတ်ရက်တယ် …
အခုတော့ …
ငါ့မျက်ဝန်းထဲမှာ မိုးစက်တွေပေါ့
မင်းရဲ့လေကြမ်းတွေကြောင့် ရေငွေ့အဖြစ်ပြောင်းလဲခဲ့ရတာပါ…
ငါ့ရဲ့မိုးစက်တွေအောက်မှာ မင်းပျော်နေတယ်ပေါ့ …
မင်းပျော်တဲ့အတွက် ငါ့အိပ်မက်တွေ မီးခိုးဖြစ်ရတာ ကျေနပ်ပါတယ် …
ပျော်ပါစေချစ်ရသူရယ် …
မီးခိုးရောင်အိပ်မက်တွေထဲက ငါဘယ်တော့မှ ရုန်းမထွက်ချင်တော့ပါဘူး …
Wednesday, December 19, 2007
ပျော်ရွှင်ကြပါစေ
ဒီကမ္ဘာမြေလောကကြီးကို ပျော်စရာအကြောင်းတွေတွေးရင်း မဆုံးနိုင်တဲ့မိုးကုတ်စက်ဝိုင်းအောက်မှာ အသက်ရှု သွားခြင်းဟာ သင့်အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ် ...
ဘာဖြစ်လို့လဲဆိုရင် အခက်အခဲတို့၊ စိတ်ညစ်စရာတို့ဟာ ခဏတာပါပဲ။ အတွေ့အကြုံသစ်တွေ သင်ခန်းစာတွေ ပေးတယ်လို့ပဲ မှတ်ယူထားလိုက်ပါ။
ငါဟာ တစ်နေ့တော မဆုံးနိုင်တဲ့ခရီးမှာ လမ်းဆုံးတွေ့နိုင်မှာပါလားဆိုတဲ့ အသိကိုမွေးမြူရင်း စိတ်ကောင်းထား သီလထိန်းပြီး သွားရင် ပျော်စရာဆိုတာတွေကို အလိုလိုရလာပါလိမ့်မယ်
လမ်းလျှောက်ရင်း မြတ်နုတ်ကြတာပေါ့ဗျာ ... ပတ်ဝန်းကျင်အလှပျက်စေမယ့် မြတ်တွေကိုတော့ ချန်ထားခဲ့ကြ တာပေါ့ ... လိုအပ်တဲ့နေရာတွေမှာလည်း စွမ်းအားတွေသုံးပြီး အလှတရားတွေ ကို ရင်ထဲကပေါက်ဖွားပေး လိုက်ကြတာပေါ့နော်....
ရင်ထဲကအလှတရားက စိတ်ကောင်းရှိပြီး စိတ်ထားတတ်ဖို့ပါပဲ .... ရင်မှာအလှတရားကိန်းဝပ်နေရင် ပတ်ဝန်းကျင်ဟာလည်းအလိုလိုလှလာပါလိမ့်မယ်....
Tuesday, November 20, 2007
My Profile
Subscribe to:
Posts (Atom)




