မိုးပေါ်က ပန်းသီး .........
ပန်းသီးတစ်လုံးကို မိုးပေါ်မြှောက်တင်မိပါတယ်
လက်သီးဆုတ်ထားတဲ့ သူကလက်ဝါးဖြန့်ပြပြီးပြောတယ် ....
ဘာကို ပိုင်ဆိုင်ချင်လဲဆိုတာ ကိုယ်စားဖြေပေးပါတဲ့ ...
ငယ်ငယ်က ပန်းသီးစားချင်လို့ ရူးခဲ့တဲ့အချိန်တွေ တွေးမိတိုင်း
ခံတွင်းချဉ်တဲ့ အခါတိုင်း တော်တော်နောင်တရမိတယ်
သြော် ... ငါ့နှယ် မြစ်တစ်ခုတည်းမှာ ရေနှစ်ခါနစ်တော့မလို့
အစွဲအလမ်းကြီးတယ် ဆိုပေမယ့်
မှတ်သင့်တာတွေ ထပ်မှတ်ဖို့ မေ့သင့်တာတွေ မေ့ရဦးမယ်လေ
ဟုတ်တယ်မို့ လား ....
တစ်ခါတစ်လေ အဓိပ္ပါယ်ရှိရှိ လူပီသချင်လိုက်တာ ...
အတိတ်က အဖြူရောင်လေးက အတ္တကြောင့် ခါးသက်ခဲ့ရတာကိုး ...
အတုလကာရီရဲ့ စလယ်ဝင်အိုးနဲ့
အလာဒင်ရဲ့ ဆီမီးခွက် ....
အင်း ဒီနှစ်မျိုးနဲ့ ဆိုရင်တော့ ဘ၀ကို ရောင့်ရဲတတ်ချင်ပါရဲ့ ...
ရိုးသားတဲ့လူချင်းက ထမင်းဖြစ်ဖို့ဆိုရင်
ဆန်တစ်စေ့ချင်း ပူးပေါင်းရမှာ မဟုတ်လား ...
ခပ်ဝါးဝါးပဲမြင်ရတဲ့ မိုးပေါ်ကပန်းသီး ပြန်ကျချိန်စောင့်ရင်း
သက်ပြင်းတွေ အခါခါ ...
ဒေါသတွေ အကြိမ်ကြိမ် ...
မာနတွေ တထောင်ထောင် နဲ့
လက်ထဲပြန်မရောက်မဲ့အရာကို မျှော်နေမိတယ် ....
တကယ်တော့ ...
အမှန်တရားဟာ ဒင်္ဂါး မိုး ရွာမှ ဖြစ်ပေါ်တတ်တာလေ
အရာရာမှာ ....
အကြောင်း နဲ့ အကျိုး တဲ့
ယုံချင်ယုံ မယုံချင်နေ
ဘာတွေဖြစ်ဖြစ် ချစ်မှာပဲ ...................
တော်သေးပီ ။
Wednesday, September 14, 2011
Subscribe to:
Posts (Atom)