Sunday, November 8, 2015

အိမ်​မက်​ ကြမ်းကြမ်း

ထသူငယ်​ချင်း ငါ့​နောက်​လိုက်​ခဲ့
မလိုက်​ချင်​ဘူး ငါမငြင်းဘူး
အိပ်​ချင်​မူးတူး ရူးကန်းစတိုင်​လ်
ယိုင်​တိုင်​တုံ့​နှေး ​ငေးခြင်းမရှိ
လိုက်​ခဲ့မိသည်

မင်းဘယ်​သူလဲ မည်းမည်းမြင်​မှ
မေးရမိသည်​ ကြည့်​မိသိရန်
ငါဖန်​​လေ​တော့ ဘာ​တွေဘယ်​လို
ထိုထိုစဉ်းစား ကြားလိုက်​သည်​က
ငါသည်​တမန်​ ​သေရန်​ပြင်​​လော့
ဖျော့​ဖျော့ကြားသည်

စဉ်းစားမရှိ ​ပြေးခဲ့မိသည်
ရှိသမျှသုံး ရုန်းခဲ့မိရာ
ကမ္ဘာမှာငါ ချည့်​နဲ့​နှေးဆုံး
ဘုန်းဘုန်းလဲရန်​ မာန်​​တွေကုန်​ဆုံး
လုံးဝအရှုံး ငါသုံးမည်​ဟု
ကြ့မိ​လေခဲ့သည်

ထိုစဉ်​ခဏ မြင်​ရသည်​က
မိဘစထား ဘုရားဦးတည်
ရောင်​နီတစ်​ချက်​ လင်းလျက်​တည်​ရာ
နွယ်​မြက်​တစ်​ပင်​ ဖြစ်​တည်​သမို့
ရုန်းဖို့ကြံလျက်​ ဆွဲခဲ့မိရာ
လွင့်​ပါထွက်​ခဲ့မိ​လေသည်

အား
ဘုရား ဘုရား နှုတ်​ဖျားတမ်းတ
ငါနိုးထသည်​ ​ချွေးကျ​မောဟိုက်
လှိုက်​ဖိုရင်​မှ သိရသည်​ကား
ကြောက်​အား​ပေးစွမ်း အိပ်​မက်​ကြမ်းမှ
လွတ်​ရသည်​မှာ ရတနာအစွမ်း
အံ့မခန်းပင်​မြင်​မိ​လေ၏

                                    ၈ နိုဝင်​ဘာ ၂၀၁၅

No comments: